Wednesday, June 20, 2012

မိုဘိုင်းဖုန်းများတွင် VZO Chat ကဲ့သို့ ရုပ်မြင်စနစ်ဖြင့် ဖုန်းပြောနိုင်မည်


မိုဘိုင်းဖုန်းများပေါ်တွင် VZO Chat ကဲ့သို့ စကားပြောသူနှစ်ဦး ရုပ်မြင်စနစ်ဖြင့် ဖုန်းပြောနိုင်မည်ဖြစ်ကြောင်း သိရသည်။ ယင်းကဲ့သို့အသုံးပြုရာတွင် ဖုန်းအတွင်းသို့ ဆော့ဖ်ဝဲအား ထည့်သွင်းအသုံးပြုရမည်ဖြစ်ပြီး အွန်လိုင်းစနစ်ဖြင့်ချိတ်ဆက်ကာ အသုံးပြုရမည်ဖြစ်ကြောင်း သိရသည်။

မိုဘိုင်းဖုန်းများအား ရုပ်မြင်စနစ်ဖြင့် စကားပြောနိုင်ရန်အတွက် ဆော့ဖ်ဝဲတစ်ခုအား ထည့်သွင်းရမည်ဖြစ်ပြီး WiFi သို့မဟုတ် မိုဘိုင်းဖုန်းအင်တာနက်စနစ်အား အသုံးပြုရမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ၃Video Chat ဆော့ဖ်ဝဲအား ထည့်သွင်းပြီးပါက ဖုန်းအား အွန်လိုင်းစနစ်ဖြင့် ချိတ်ဆက်ပြီး စကားပြောနိုင်မည်ဖြစ်သည်။ အဆိုပါဆော့ဖ်ဝဲအား အသုံးပြုရာတွင် ယင်းဆော့ဖ်ဝဲအား အသုံးပြုထားသော ဖုန်းအချင်းချင်းသာ ရုပ်မြင်စနစ်ဖြင့် Video Chat စနစ်အသုံးပြုနိုင်မည်ဖြစ်ပြီး ၎င်းဆော့ဖ်ဝဲ အသုံးမပြုထားသော အခြားဖုန်းများဖြင့် ချိတ်ဆက်စကားပြောနိုင်မည်မဟုတ်ကြောင်း သိရသည်။ ယင်းစနစ်အား အသုံးပြုရာတွင် ဆော့ဖ်ဝဲအားဖွင့်လိုက်ကာ မိမိအကောင့်တစ်ခုအား ပြုလုပ်ရမည်ဖြစ်ပြီး အကောင့်ပြုလုပ်ပြီးပါက ယင်းဆော့ဖ်ဝဲစနစ်အသုံးပြုထားကာ အွန်လိုင်းသို့ဝင်ရောက်နေသော ဖုန်းများအားလုံးအား မြင်တွေ့နိုင်မည်ဖြစ်သည်။ အဆိုပါဖုန်းများ အကောင့်နာမည်များထဲမှ မိမိပြောလိုသူအား Video Call စနစ်ဖြင့် ခေါ်ဆိုလိုက်ပါက နှစ်ဘက်စလုံးတွင် ရုပ်မြင်စနစ်ဖြင့် ဖုန်းပြောနိုင်မည်ဖြစ်ကြောင်း သိရသည်။ ကွန်ပျူတာများတွင် အသုံးပြုလျက်ရှိသော VZO Chat နှင့်ပုံစံချင်းဆင်တူပြီး Android OS ဖုန်းများအတွက် သာ သီးသန့်အသုံးပြုနိုင်မည့် ဆော့ဖ်ဝဲတစ်ခုဖြစ်ကြောင်း သိရသည်။ ယင်းဆော့ဖ်ဝဲအား ထည့်သွင်းအသုံးပြုလိုပါက ဖုန်း ၀၉၇၃၀၃၄၄၃ တွင် ဆက်သွယ်စုံစမ်း ထည့်သွင်းနိုင်မည်ဖြစ်သည်။

Call Center က တယ်လီဖုန်းနှင့်ဝန်ဆောင်မှု အသစ်ထပ်တိုး



Call Center က ယခင်ဝန်ဆောင်မှုပေးနေသော ၀န်ဆောင်မှုများနှင့် ဖုန်းနံပါတ် ၁၈၇၆ အပြင် အခြားတယ်လီဖုန်းနှင့် ၀န်ဆောင်မှုအသစ်များ ထပ်တိုးလိုက်ကြောင်း Blue Ocean Operating Management ကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာဦးထွန်းထွန်းနိုင်ကပြောကြားသည်။ ထပ်မံတိုးလိုက်သည့် တယ်လီဖုန်းမှာ ၁၈၇၅ ဖြစ်ပြီး ၎င်းဖုန်းနံပါတ်ကိုဆက်သွယ်ပါက

ကျန်းမာရေးဝန်ဆောင်မှုများ၊ ဟိုတယ်ဝန်ဆောင်မှုများ၊ အလုပ်အကိုင်ရှာဖွေပေးသည့် ၀န်ဆောင်မှုများနှင့် ဗေဒင်ဝန်ဆောင်မှုများကို မေးမြန်းနိုင်မည်ဖြစ်ကြောင်း သိရသည်။ ယခင် ၁၈၇၆ ဖုန်းနံပါတ်နှင့်ပါတ်သက်သည့် ၀န်ဆောင်မှုများအား တစ်မိနစ်လျှင် ၃၀ ကျပ်နှုန်းဖြင့် ကောက်ခံလျှက်ရှိသော်လည်း၊ ယခုထပ်တိုးသည့် ၁၈၇၅ ဖုန်းနံပါတ်နှင့်ပတ်သက်သည့် ၀န်ဆောင်မှုများအား တစ်မိနစ်လျှင် ၁၀၀ ကျပ်ဖြင့် ကောက်ခံတော့မည်ဖြစ်ကြောင်း၊ ယခင်အတိုင်း ၂၄ နာရီလုံး မေးမြန်းနိုင်မည်ဖြစ်ကြောင်း သိရသည်။ ကျန်းမာရေးဝန်ဆောင်မှုများတွင် ဆရာဝန်များမှ ကျန်းမာရေးနှင့်ပတ်သက်၍ ဆွေးနွေးတိုင်ပင်ပေးသော ၀န်ဆောင်မှုများအပြင် အိမ်တိုင်ရာရောက် ကျန်းမာရေးဝန်ဆောင်မှုများလည်းပါဝင်ကြောင်း၊ ဟိုတယ်ဝန်ဆောင်မှုများတွင် ဟိုတယ်ဘိုကင်လုပ်ပေးခြင်း၊ ဘာသာစကားမျိုးစုံ Tour Guide များငှားရမ်းပေးခြင်း အစရှိသည်တို့ကို ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။ ၎င်းအပြင် အလုပ်အကိုင်ရှာဖွေရန် CV ဖောင်များကို ၁၈၇၅ ဖုန်းနံပါတ်သို့ဆက်သွယ်ကာ တင်နိုင်မည်ဖြစ်ပြီး အင်တာဗျူးဖြေဆိုခြင်း၊ လိုအပ်သည့် အလုပ်အကိုင်များကို ရှာဖွေပေးခြင်းတို့အား ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ “အလုပ်အကိုင်ရှာဖွေပေးမယ့် ၀န်ဆောင်မှုတွေအနေနဲ့ အခကြေးငွေတစ်စုံတစ်ရာ ကောက်ခံမှာမဟုတ်ပါဘူး။ ဖုန်းခေါ်ဆိုမှုအတွက်ပဲ ကျသင့်မှာဖြစ်ပါတယ်” ဟု၎င်းကပြောကြားသည်။ ဗေဒင်ဝန်ဆောင်မှုတွင် တားရော့နှင့်ဟောပြောပေးခြင်း၊ အိမ်ထောင်ဖက်များအတွက် ဇာတာတိုက်ပေးခြင်း၊ ယတြာများလမ်းညွှန်ပေးခြင်း၊ ဆိုင်နာမည်ပေးနှင့် ကလေးနာမည်ပေးခြင်း စသည်တို့ပါဝင်ကြောင်း သိရသည်။

တက္ကသိုလ်ဝင်တန်းဖြေဆိုပြီးသူများအတွက် English 4 skills (UK Certificate) တန်းခွဲတက်ရောက်ရန် အရည်အချင်းအလိုက် ပညာသင်ဆုများချီးမြှင့်မည်





၂၀၁၂ ခုနှစ်၊ တက္ကသိုလ်ဝင်တန်း ဖြေဆိုပြီးသူများအတွက် British Council , LCCI (UK) နှင့် Hawaii Educaiton တို့ပူးပေါင်းဖွင့်လှစ်သော English 4 skills (UK Certificate) တန်းခွဲကို တက်ရောက်ရန်အတွက် အရည်အချင်းအလိုက် ပညာသင်ဆုများကို ၈၀ ရာခိုင်နှုန်းအထိ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ထိုအစီအစဉ်တွင် Hawaii Education မှ Lecture (3) လသင်ပေးပြီး၊ British Council က Exam Registration နှင့် Exam ကြီးကြပ်မှုကိုတာဝန်ယူကာ LCCI (UK) မှ Question ထုတ်ခြင်း၊ ဖြေဆိုပြီး Answer Sheet များကို Correction ပြုလုပ်ပေးခြင်း၊ ရရှိသော အမှတ်ပေါ်မူတည်ပြီး Distiction, Credit, Pass ဟုခွဲခြားသတ်မှတ်ကာ အင်္ဂလိပ်စာကျွမ်းကျင်မှုဆိုင်ရာ နိုင်ငံတကာအသိအမှတ်ပြု UK Certificate များကိုထုတ်ပေးခြင်း စသည်ဖြင့် တာဝန်ယူဆောင်ရွက်ပေးကြမည်ဖြစ်သည်။ ပုံမှန် (သင်တန်းကြေး+စာရွက်စာတမ်းကြေး+စာမေးပွဲကြေး (အားလုံးအပြီးအစီး) = ၈၈,၀၀၀ ကျပ် သတ်မှတ်ထားရာ ပညာသင်ဆုအနေဖြင့် ၆ ဘာသာဂုဏ်ထူးရရှိသူများအား ၈၀ ရာခိုင်နှုန်း OFF ၁၇,၆၀၀ ကျပ်၊ ၅ ဘာသာဂုဏ်ထူးရရှိသူများအား ၇၀ ရာခိုင်နှုန်း OFF ၂၆,၄၀၀ ကျပ်၊  ၄ ဘာသာဂုဏ်ထူးရရှိသူများအား ၆၀ ရာခိုင်နှုန်း OFF ၃၅,၂၀၀ ကျပ်၊ ၃ ဘာသာဂုဏ်ထူးရရှိသူများအား ၅၀ ရာခိုင်နှုန်း OFF ၄၄,၀၀၀ ကျပ်၊ ၂ ဘာသာဂုဏ်ထူးရရှိသူများအား ၄၀ ရာခိုင်နှုန်း OFF ၅၂,၈၀၀ ကျပ်၊ ၁ ဘာသာဂုဏ်ထူးရရှိသူများအား ၃၀ ရာခိုင်နှုန်း OFF ၆၁,၆၀၀ ကျပ်၊ ရိုးရိုးအောင်မြင်သူများအား ၂၀ ရာခိုင်နှုန်း OFF  ၇၀,၄၀၀ ကျပ်စသည်ဖြင့်ပေးသွင်းကာ တက်ရောက်နိုင်ကြောင်း သိရသည်။ တက်ရောက်လိုသူများအနေဖြင့် Hawaii Education အမှတ် ၁၉၂၊ ပထမထပ်၊ ၂၈ လမ်း(အထက်) ပန်းဘဲတန်းမြို့နယ် ဖုန်း-၂၄၈ ၁၁၁ သို့ဆက်သွယ်စုံစမ်းနိုင်သည်။

A+ သင်တန်းအား Special Promotion ပေးမည်





တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသောသူများအတွက် A+ (Hardware) သင်တန်းအား အထူးပရိုမိုးရှင်းဖြင့် သင်ကြားပေးမည်ဖြစ်ကြောင်း Hyper Tech (IT Professional Training Center) မှ သိရသည်။ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူများအတွက် သင်တန်းကြေးကို ၁၀ ရာခိုင်နှုန်း လျှော့ချလက်ခံပေးသွားမည်ဖြစ်ပြီး

ပရိုမိုးရှင်းကာလကို သတ်မှတ်ပေးထားခြင်းမရှိဘဲ သင်တန်းဖွင့်လှစ်ပေးမည့်ကာလအတွင်း မည်သည့်ရက်တွင်မဆို လာရောက်အပ်နှံသောသူများကို ၁၀ ရာခိုင်နှုန်းလျှော့ပေးသွားမည်ဖြစ်သည်။ သင်တန်းကို ဇွန်လ၂၁ ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး A+ Theory In Details, Components of a computer System, Windows 7 Installation, Window 8 Installation, System Administration, Dos Commands, Application Installation, Data Recovery and Backup, Virus Protection and Antivirus များကို စာတွေ့လက်တွေ့ မျှတစွာသင်ကြားပေးမည်ဖြစ်သည်။ အမှတ် ၂၀၊ ၁၆၅ လမ်း၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း-၀၉-၇၃၁၇ ၅၆၁၃၊ ၀၉-၇၃၂၀ ၉၇၈၉ သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်သည်။

GCE “A” Level တက်ရောက်လိုသူများ Brooke House College တွင် ပညာသင်ဆုလျှောက်ထားနိုင်





GCE "A" Level (General Certificate of Education-Advanced Level) တက်ရောက်လိုသူများအတွက် အင်္ဂလန်နိုင်ငံရှိ Brooke House College တွင် ပညာသင်ဆုလျှောက်ထားနိုင်ကြောင်း OESC မှသိရသည်။ GCE "A" Level သည် နိုင်ငံတကာတက္ကသိုလ်များ၌ တက်ရောက်ရာတွင် Foundation Program များ တက်ရောက်ရန်မလိုဘဲ တိုက်ရိုက်တက်ရောက်နိုင်သော ကမ္ဘာ့အသိအမှတ်ပြု လက်မှတ် တစ်ခုဖြစ်သည်။

GCE "A" Level တွင် သင်ကြားရမည့်ဘာသာရပ်များမှာ Mathematics, Further Mathematics, Physics, Chemistry, Biology, History, English, Art, Art History, Law, Government and Political Studies, Computing, Economics,  Business Studies, Geography, Psychology, Sociology တို့ဖြစ်ပြီး အချိန်ကာလအနေနှင့် တစ်နှစ်ခွဲမှ နှစ်နှစ်ခန့်ကြာမြင့်မည်ဖြစ်သည်။ အနီးကပ်ဆုံးကျောင်းဖွင့်ချိန်မှာ စက်တင်ဘာလတွင်ဖြစ်သည်။ မြန်မာနိုင်ငံမှ Brooke House College ပညာသင်ဆုကို လျှောက်ထားလိုသူများအနေဖြင့် အသက် ၁၆ နှစ်ပြည့်ပြီး GCE "O" Level အောင်မြင်ပြီးသူများ (သို့) တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူဖြစ်ရမည်။ Brooke House College သည် အင်္ဂလန်နိုင်ငံရှိ နိုင်ငံတကာ ပုဂ္ဂလိကကောလိပ်များထဲတွင် အထင်ကရ ကောလိပ်တစ်ခုဖြစ်ပြီး ဖွင့်လှစ်ခဲ့သည်မှာ ၄၅ နှစ်ကျော်ကြာခဲ့ပြီဖြစ်သည်။ ကျောင်းသားကျောင်းသူများအနေဖြင့် ကျောင်း Campus အတွင်း၌သော်လည်းကောင်း၊ ကျောင်းအပြင်ရှိ အဆောင်များ၌ သော်လည်းကောင်း နေထိုင်နိုင်သည်။ Brooke House College တွင် အင်္ဂလန်နိုင်ငံမှ ကျောင်းသူကျောင်းသားများအပြင် Vietnam, Nigeria, China, Cambodia, Hong Kong, Malaysia, Philippine နှင့် Singapore စသည့်နိုင်ငံများမှာ ကျောင်းသူကျောင်းသားများလည်း တက်ရောက်သင်ကြားလျက်ရှိသည်။ ပညာသင်ဆုလျှောက်ထားလိုသူများနှင့် သတင်းအချက်အလက် အသေးစိတ်သိရှိလိုသူများအနေဖြင့် OESC Education Center အခန်း-၃၀၄၊ DNH Tower တတိယထပ်၊ Dagon Center II အနီး၊ ပြည်လမ်း၊ မြေနီကုန်း၊ ဖုန်း-၀၁-၅၁၉ ၀၉၂၊ ၀၉-၇၃၀၉ ၄၀၆၀ သို့ဆက်သွယ်စုံစမ်းနိုင်သည်။

Samsung Series 5 Ultra




အသေးစိတ်ဖော်ပြချက်
၁၃.၃ လက်မအရွယ် Samsung Series 5 Ultra laptop ကို 1.6GHz Intel Core i5 2467M ပရိုဆက်ဆာ ထည့်သွင်းထုတ်လုပ်ထားပြီး 1,333MHz DDR3 memory 4GB ပါဝင်တာတွေ့ရပါတယ်။ အ ချက်အလက်တွေ သိုလှောင်သိမ်းဆည်းဖို့အတွက် 7,200rpm နဲ့အသုံးပြုနိုင်မယ့် SSD 320GB ထည့်သွင်းပေးထားပြီး


Intel UM67 chipset ပေါ်မှာ Intel HD Graphics 3000 ဂရပ်ဖစ်ကိုလည်း စိုက်ထည့်ပေးထားပါတယ်။ Windows 7 Home Premium (64-bit) operating system ကိုကြိုတင်ထည့်သွင်းပေးထားပြီး screen resolutioin 1,366x768-pixel နဲ့အသုံးပြုနိုင်မှာဖြစ်ပါတယ်။ HDMI နဲ့ VGA ဗီဒီယို output စနစ်အပြင် အချက်အလက်တွေရွှေ့ပြောင်းဖို့အတွက် USB 3.0 port တစ်ခု၊ USB 2.0 port နှစ်ခုနဲ့ SD card reader တစ်ခုကိုလည်း ထည့်သွင်းပေးထားတာ တွေ့ရပါတယ်။ Ethernet, 802.11n Wi-Fi, Bluetooth စတဲ့စနစ်တွေနဲ့ ကွန်ရက်ချိတ်ဆက်အသုံးပြုနိုင်မှာဖြစ်ကာ optical drive တော့ပါဝင်ခြင်းမရှိပါဘူး။

ဒီဇိုင်း
Samsung Series 5 Ultra laptop ဟာ ultrabook laptop အမျိုးအစားတစ်မျိုးဖြစ်ပြီး အလျား ၃၁၅ မီလီမီတာ၊ အနံ ၂၁၈ မီလီမီတာနဲ့ ကိုယ်ထည်အထူ ၁၇.၆ မီလီမီတာ အသီးသီးနဲ့ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ Screen အရွယ်အစားကတော့ ထောင့်ဖြတ်တိုင်းတာရင် ၁၃.၃ လက်မရှိကာ screen resolution 1,366x768-pixel resolution နဲ့အသုံးပြုနိုင်မှာဖြစ်ပြီး စုစုပေါင်းအလေးချိန်ကတော့ ၁.၄၃ ကီလိုဂရမ်ရှိပါတယ်။ ကီးဘုတ်နဲ့ ကီးဘုတ်မှာတပ်ဆင်ထားတဲ့ ခလုပ်တွေက အသုံးပြုရတာအဆင်ပြေမှုရှိပြီး အရွယ်အစားကြီးမားတဲ့ touchpad ကလည်း အသုံးပြုသူတွေအတွက် အဆင်ပြေပြီး သက်သောင့်သက်သာရှိစေပါတယ်။

သုံးသပ်ချက်
Ultrabook laptop တစ်လုံးရဲ့ feature တွေစုံလင်စွာပါဝင်တဲ့ Samsung Series 5 Ultra ဟာ အသွင်အပြင်အားဖြင့်ရော၊ တန်ဖိုးအနေနဲ့ပါ ကောင်းမွန်ပြည့်စုံတဲ့ laptop တစ်မျိုးဖြစ်ပါတယ်။ အလွန်ပါးလွှာတဲ့ ကိုယ်ထည်အပြင် port တွေကိုလည်း ပြည့်စုံစွာထည့်သွင်းပေးထားပြီး boot time လည်းအလွန်လျင်မြန်တာတွေ့ရပါတယ်။

အားသာချက်
Samsung Series 9 laptop တွေထက် တန်ဖိုးပိုမိုသင့်တင့်မျှတပြီး port တွေလည်း ပြည့်စုံစွာထည့်သွင်းပေးထားပါတယ်။

အားနည်းချက်
Laptop ရဲ့ ကိုယ်ထည်အစိတ်အပိုင်းအတော်များများကို ပလတ်စတစ်နဲ့ပြုလုပ်ထားပြီး ဘက်ထရီသက်တမ်း ပိုမိုကောင်းမွန်ဖို့လိုအပ်တာ တွေ့ရပါတယ်။

ဘက်ထရီ
ဘက်ထရီသက်တမ်းအနေနဲ့ကတော့ ရုပ်ရှင်တွေကို ဘက်ထရီသုံးပြီး ဆက်တိုက်ကြည့်မယ်ဆိုရင် ၄ နာရီနဲ့ ၃၇ မိနစ်ခန့် ကောင်းမွန်စွာအသုံးပြုနိုင်မှာဖြစ်ပါတယ်။ အခြား Ultrabook laptop အမျိုးအစား တွေနဲ့ယှဉ်ရင် ဘက်ထရီသက်တမ်း ပိုမိုကောင်းမွန်ဖို့လိုအပ်ပါတယ်။

သွားလာရေးနှင့် လူမှုရေးခက်ခဲသော ဒေသများမှ ၂၀၁၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ခဲ့သည့် ကျောင်းသားကျောင်းသူများအား ၂၀၁၂-၂၀၁၃ ပညာသင်နှစ်အတွက် ဆေးတက္ကသိုလ်ဝင်ခွင့် လျှောက်လွှာခေါ်ယူ




ကျန်းမာရေးဝန်ကြီးဌာန၊ ဆေးသိပ္ပံပညာဦးစီးဌာနက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ များနှင့် နိုင်ငံတော်ကထုတ်ပြန်ထားသော ဒေသစားရိတ်ခံစားခွင့်ရှိသည့် သွားလာရေးနှင့် လူမှုရေးခက်ခဲသော ဒေသများမှ ၂၀၁၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ခဲ့သည့် ကျောင်းသားကျောင်းသူများအား ၂၀၁၂-၂၀၁၃ ပညာသင်နှစ်အတွက် ဆေးတက္ကသိုလ်ဝင်ခွင့် လျှောက်လွှာခေါ်ယူထားကြောင်း သတင်းထုတ် ပြန်ချက်အရ သိရသည်။
သတ်မှတ်အရည်အချင်းနှင့် ပြည့်စုံသူများလျှောက်ထားနိုင်ပြီး လျှောက်လွှာများကို ၂၀၁၂ ခုနှစ်၊  ဇူလိုင်လ ၂၇ ရက်နေ့ နောက်ဆုံးထား၍ ဆေးသိပ္ပံပညာဦးစီးဌာနသို့ တိုက်ရိုက်ပေးပို့ လျှောက်ထားနိုင်ကြောင်း သိရှိရသည်။ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု မြှင့်တင်ရေးကို ရှေးရှု၍လည်းကောင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသခြောက်ခု (နာဂ၊ ဓနု၊ ပအိုဝ်း၊ ပလောင်၊ ကိုးကန့်၊ ၀)တို့နှင့် နိုင်ငံတော်မှ ထုတ်ပြန်ထားသော ဒေသစားရိတ်ခံစားခွင့်ရှိသည့် သွားလာရေးနှင့် လူမှုရေးခက်ခဲသောဒေသများ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ရှေးရှု၍လည်းကောင်း၊ ဆေးပညာကို အမှန်တကယ်ဝါသနာပါပြီး မိမိဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန်ပြန်လည်ထမ်းဆောင်နိုင်မည့် အရည်အသွေးပြည့်ဝသော ဆေးပညာရှင်ဆရာဝန်ကောင်းများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ အဆိုပါဒေသများမှ တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်သူများအား ၂၀၁၂-၁၃ ပညာသင်နှစ်တွင် ကျန်းမာရေးဝန်ကြီးဌာန၊ ဆေးသိပ္ပံပညာဦးစီးဌာနလက်အောက်ရှိ ဆေးတက္ကသိုလ်များသို့ ပညာသင်ခွင့်ရရှိစေရေးအတွက် လျှောက်ထားနိုင်မည်ဖြစ်ကြောင်း သိရသည်။ လိုအပ်သော ပညာအရည်အချင်းများအနေဖြင့် ၀င်ခွင့်လျှောက်ထားချိန်တွင် ၀င်ခွင့်လျှောက်ထားသူ၏ မိဘနှစ်ပါးမှာ တည်ဆဲနိုင်ငံသားဖြစ်မှု၊ ဥပဒေနှင့်ကိုက်ညီသော နိုင်ငံသားဖြစ်ရမည်ဖြစ်ကြောင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ (နာဂ၊ ဓနု၊ ပအိုင်ဝ်း၊ ပလောင်၊ ကိုးကန့်၊ ၀ )နှင့် နိုင်ငံတော်မှထုတ်ပြန်ထားသော ဒေသစားရိတ် ခံစားခွင့်ရှိသည့် သွားလာရေးနှင့် လူမှုရေးခက်ခဲသော ဒေသများတွင် အမြဲတမ်းနေထိုင်သူဖြစ်ရမည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သချာင်္၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒဘာသာတွဲဖြင့် အောင်မြင်သူဖြစ်ရမည်ဖြစ်ကြောင်း၊ ရှစ်တန်း၊ ၉ တန်း၊ ၁၀ တန်းများကို ၎င်းဒေသတွင် ဆက်တိုက်ပညာသင်ကြားခဲ့ပြီး ၎င်းဒေသများမှပင် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်သူဖြစ်ရမည်ဖြစ်ကြောင်း သိရသည်။ လျှောက်လွှာနှင့်အတူ ပူးတွဲတင်ပြရမည့် အချက်အလက်များကိုလည်း ထုတ်ပြန်ထားပြီး အသေးစိတ်သိရှိလိုသူများအနေဖြင့် ဖုန်း-၀၆၇-၄၁၁၂၃၉ နှင့် ၀၆၇-၄၁၁၁၄၈၊ ၄၁၁၁၄၉ လိုင်းခွဲ-၈၂၁ သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ကြောင်းသိရသည်။