Wednesday, June 20, 2012

Samsung Series 5 Ultra




အသေးစိတ်ဖော်ပြချက်
၁၃.၃ လက်မအရွယ် Samsung Series 5 Ultra laptop ကို 1.6GHz Intel Core i5 2467M ပရိုဆက်ဆာ ထည့်သွင်းထုတ်လုပ်ထားပြီး 1,333MHz DDR3 memory 4GB ပါဝင်တာတွေ့ရပါတယ်။ အ ချက်အလက်တွေ သိုလှောင်သိမ်းဆည်းဖို့အတွက် 7,200rpm နဲ့အသုံးပြုနိုင်မယ့် SSD 320GB ထည့်သွင်းပေးထားပြီး


Intel UM67 chipset ပေါ်မှာ Intel HD Graphics 3000 ဂရပ်ဖစ်ကိုလည်း စိုက်ထည့်ပေးထားပါတယ်။ Windows 7 Home Premium (64-bit) operating system ကိုကြိုတင်ထည့်သွင်းပေးထားပြီး screen resolutioin 1,366x768-pixel နဲ့အသုံးပြုနိုင်မှာဖြစ်ပါတယ်။ HDMI နဲ့ VGA ဗီဒီယို output စနစ်အပြင် အချက်အလက်တွေရွှေ့ပြောင်းဖို့အတွက် USB 3.0 port တစ်ခု၊ USB 2.0 port နှစ်ခုနဲ့ SD card reader တစ်ခုကိုလည်း ထည့်သွင်းပေးထားတာ တွေ့ရပါတယ်။ Ethernet, 802.11n Wi-Fi, Bluetooth စတဲ့စနစ်တွေနဲ့ ကွန်ရက်ချိတ်ဆက်အသုံးပြုနိုင်မှာဖြစ်ကာ optical drive တော့ပါဝင်ခြင်းမရှိပါဘူး။

ဒီဇိုင်း
Samsung Series 5 Ultra laptop ဟာ ultrabook laptop အမျိုးအစားတစ်မျိုးဖြစ်ပြီး အလျား ၃၁၅ မီလီမီတာ၊ အနံ ၂၁၈ မီလီမီတာနဲ့ ကိုယ်ထည်အထူ ၁၇.၆ မီလီမီတာ အသီးသီးနဲ့ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ Screen အရွယ်အစားကတော့ ထောင့်ဖြတ်တိုင်းတာရင် ၁၃.၃ လက်မရှိကာ screen resolution 1,366x768-pixel resolution နဲ့အသုံးပြုနိုင်မှာဖြစ်ပြီး စုစုပေါင်းအလေးချိန်ကတော့ ၁.၄၃ ကီလိုဂရမ်ရှိပါတယ်။ ကီးဘုတ်နဲ့ ကီးဘုတ်မှာတပ်ဆင်ထားတဲ့ ခလုပ်တွေက အသုံးပြုရတာအဆင်ပြေမှုရှိပြီး အရွယ်အစားကြီးမားတဲ့ touchpad ကလည်း အသုံးပြုသူတွေအတွက် အဆင်ပြေပြီး သက်သောင့်သက်သာရှိစေပါတယ်။

သုံးသပ်ချက်
Ultrabook laptop တစ်လုံးရဲ့ feature တွေစုံလင်စွာပါဝင်တဲ့ Samsung Series 5 Ultra ဟာ အသွင်အပြင်အားဖြင့်ရော၊ တန်ဖိုးအနေနဲ့ပါ ကောင်းမွန်ပြည့်စုံတဲ့ laptop တစ်မျိုးဖြစ်ပါတယ်။ အလွန်ပါးလွှာတဲ့ ကိုယ်ထည်အပြင် port တွေကိုလည်း ပြည့်စုံစွာထည့်သွင်းပေးထားပြီး boot time လည်းအလွန်လျင်မြန်တာတွေ့ရပါတယ်။

အားသာချက်
Samsung Series 9 laptop တွေထက် တန်ဖိုးပိုမိုသင့်တင့်မျှတပြီး port တွေလည်း ပြည့်စုံစွာထည့်သွင်းပေးထားပါတယ်။

အားနည်းချက်
Laptop ရဲ့ ကိုယ်ထည်အစိတ်အပိုင်းအတော်များများကို ပလတ်စတစ်နဲ့ပြုလုပ်ထားပြီး ဘက်ထရီသက်တမ်း ပိုမိုကောင်းမွန်ဖို့လိုအပ်တာ တွေ့ရပါတယ်။

ဘက်ထရီ
ဘက်ထရီသက်တမ်းအနေနဲ့ကတော့ ရုပ်ရှင်တွေကို ဘက်ထရီသုံးပြီး ဆက်တိုက်ကြည့်မယ်ဆိုရင် ၄ နာရီနဲ့ ၃၇ မိနစ်ခန့် ကောင်းမွန်စွာအသုံးပြုနိုင်မှာဖြစ်ပါတယ်။ အခြား Ultrabook laptop အမျိုးအစား တွေနဲ့ယှဉ်ရင် ဘက်ထရီသက်တမ်း ပိုမိုကောင်းမွန်ဖို့လိုအပ်ပါတယ်။

No comments:

Post a Comment