Wednesday, June 20, 2012

Call Center က တယ်လီဖုန်းနှင့်ဝန်ဆောင်မှု အသစ်ထပ်တိုး



Call Center က ယခင်ဝန်ဆောင်မှုပေးနေသော ၀န်ဆောင်မှုများနှင့် ဖုန်းနံပါတ် ၁၈၇၆ အပြင် အခြားတယ်လီဖုန်းနှင့် ၀န်ဆောင်မှုအသစ်များ ထပ်တိုးလိုက်ကြောင်း Blue Ocean Operating Management ကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာဦးထွန်းထွန်းနိုင်ကပြောကြားသည်။ ထပ်မံတိုးလိုက်သည့် တယ်လီဖုန်းမှာ ၁၈၇၅ ဖြစ်ပြီး ၎င်းဖုန်းနံပါတ်ကိုဆက်သွယ်ပါက

ကျန်းမာရေးဝန်ဆောင်မှုများ၊ ဟိုတယ်ဝန်ဆောင်မှုများ၊ အလုပ်အကိုင်ရှာဖွေပေးသည့် ၀န်ဆောင်မှုများနှင့် ဗေဒင်ဝန်ဆောင်မှုများကို မေးမြန်းနိုင်မည်ဖြစ်ကြောင်း သိရသည်။ ယခင် ၁၈၇၆ ဖုန်းနံပါတ်နှင့်ပါတ်သက်သည့် ၀န်ဆောင်မှုများအား တစ်မိနစ်လျှင် ၃၀ ကျပ်နှုန်းဖြင့် ကောက်ခံလျှက်ရှိသော်လည်း၊ ယခုထပ်တိုးသည့် ၁၈၇၅ ဖုန်းနံပါတ်နှင့်ပတ်သက်သည့် ၀န်ဆောင်မှုများအား တစ်မိနစ်လျှင် ၁၀၀ ကျပ်ဖြင့် ကောက်ခံတော့မည်ဖြစ်ကြောင်း၊ ယခင်အတိုင်း ၂၄ နာရီလုံး မေးမြန်းနိုင်မည်ဖြစ်ကြောင်း သိရသည်။ ကျန်းမာရေးဝန်ဆောင်မှုများတွင် ဆရာဝန်များမှ ကျန်းမာရေးနှင့်ပတ်သက်၍ ဆွေးနွေးတိုင်ပင်ပေးသော ၀န်ဆောင်မှုများအပြင် အိမ်တိုင်ရာရောက် ကျန်းမာရေးဝန်ဆောင်မှုများလည်းပါဝင်ကြောင်း၊ ဟိုတယ်ဝန်ဆောင်မှုများတွင် ဟိုတယ်ဘိုကင်လုပ်ပေးခြင်း၊ ဘာသာစကားမျိုးစုံ Tour Guide များငှားရမ်းပေးခြင်း အစရှိသည်တို့ကို ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။ ၎င်းအပြင် အလုပ်အကိုင်ရှာဖွေရန် CV ဖောင်များကို ၁၈၇၅ ဖုန်းနံပါတ်သို့ဆက်သွယ်ကာ တင်နိုင်မည်ဖြစ်ပြီး အင်တာဗျူးဖြေဆိုခြင်း၊ လိုအပ်သည့် အလုပ်အကိုင်များကို ရှာဖွေပေးခြင်းတို့အား ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ “အလုပ်အကိုင်ရှာဖွေပေးမယ့် ၀န်ဆောင်မှုတွေအနေနဲ့ အခကြေးငွေတစ်စုံတစ်ရာ ကောက်ခံမှာမဟုတ်ပါဘူး။ ဖုန်းခေါ်ဆိုမှုအတွက်ပဲ ကျသင့်မှာဖြစ်ပါတယ်” ဟု၎င်းကပြောကြားသည်။ ဗေဒင်ဝန်ဆောင်မှုတွင် တားရော့နှင့်ဟောပြောပေးခြင်း၊ အိမ်ထောင်ဖက်များအတွက် ဇာတာတိုက်ပေးခြင်း၊ ယတြာများလမ်းညွှန်ပေးခြင်း၊ ဆိုင်နာမည်ပေးနှင့် ကလေးနာမည်ပေးခြင်း စသည်တို့ပါဝင်ကြောင်း သိရသည်။

No comments:

Post a Comment