တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသောသူများအတွက် A+ (Hardware) သင်တန်းအား
အထူးပရိုမိုးရှင်းဖြင့် သင်ကြားပေးမည်ဖြစ်ကြောင်း Hyper Tech (IT
Professional Training Center) မှ သိရသည်။ တက္ကသိုလ်ဝင်တန်း
အောင်မြင်ပြီးသူများအတွက် သင်တန်းကြေးကို ၁၀ ရာခိုင်နှုန်း
လျှော့ချလက်ခံပေးသွားမည်ဖြစ်ပြီး
ပရိုမိုးရှင်းကာလကို သတ်မှတ်ပေးထားခြင်းမရှိဘဲ
သင်တန်းဖွင့်လှစ်ပေးမည့်ကာလအတွင်း မည်သည့်ရက်တွင်မဆို
လာရောက်အပ်နှံသောသူများကို ၁၀ ရာခိုင်နှုန်းလျှော့ပေးသွားမည်ဖြစ်သည်။
သင်တန်းကို ဇွန်လ၂၁ ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး A+ Theory In
Details, Components of a computer System, Windows 7 Installation, Window
8 Installation, System Administration, Dos Commands, Application
Installation, Data Recovery and Backup, Virus Protection and Antivirus
များကို စာတွေ့လက်တွေ့ မျှတစွာသင်ကြားပေးမည်ဖြစ်သည်။ အမှတ် ၂၀၊ ၁၆၅ လမ်း၊
တာမွေမြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း-၀၉-၇၃၁၇ ၅၆၁၃၊ ၀၉-၇၃၂၀ ၉၇၈၉ သို့
ဆက်သွယ်မေးမြန်းစုံစမ်းနိုင်သည်။ |
No comments:
Post a Comment