Wednesday, June 20, 2012

GCE “A” Level တက်ရောက်လိုသူများ Brooke House College တွင် ပညာသင်ဆုလျှောက်ထားနိုင်





GCE "A" Level (General Certificate of Education-Advanced Level) တက်ရောက်လိုသူများအတွက် အင်္ဂလန်နိုင်ငံရှိ Brooke House College တွင် ပညာသင်ဆုလျှောက်ထားနိုင်ကြောင်း OESC မှသိရသည်။ GCE "A" Level သည် နိုင်ငံတကာတက္ကသိုလ်များ၌ တက်ရောက်ရာတွင် Foundation Program များ တက်ရောက်ရန်မလိုဘဲ တိုက်ရိုက်တက်ရောက်နိုင်သော ကမ္ဘာ့အသိအမှတ်ပြု လက်မှတ် တစ်ခုဖြစ်သည်။

GCE "A" Level တွင် သင်ကြားရမည့်ဘာသာရပ်များမှာ Mathematics, Further Mathematics, Physics, Chemistry, Biology, History, English, Art, Art History, Law, Government and Political Studies, Computing, Economics,  Business Studies, Geography, Psychology, Sociology တို့ဖြစ်ပြီး အချိန်ကာလအနေနှင့် တစ်နှစ်ခွဲမှ နှစ်နှစ်ခန့်ကြာမြင့်မည်ဖြစ်သည်။ အနီးကပ်ဆုံးကျောင်းဖွင့်ချိန်မှာ စက်တင်ဘာလတွင်ဖြစ်သည်။ မြန်မာနိုင်ငံမှ Brooke House College ပညာသင်ဆုကို လျှောက်ထားလိုသူများအနေဖြင့် အသက် ၁၆ နှစ်ပြည့်ပြီး GCE "O" Level အောင်မြင်ပြီးသူများ (သို့) တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူဖြစ်ရမည်။ Brooke House College သည် အင်္ဂလန်နိုင်ငံရှိ နိုင်ငံတကာ ပုဂ္ဂလိကကောလိပ်များထဲတွင် အထင်ကရ ကောလိပ်တစ်ခုဖြစ်ပြီး ဖွင့်လှစ်ခဲ့သည်မှာ ၄၅ နှစ်ကျော်ကြာခဲ့ပြီဖြစ်သည်။ ကျောင်းသားကျောင်းသူများအနေဖြင့် ကျောင်း Campus အတွင်း၌သော်လည်းကောင်း၊ ကျောင်းအပြင်ရှိ အဆောင်များ၌ သော်လည်းကောင်း နေထိုင်နိုင်သည်။ Brooke House College တွင် အင်္ဂလန်နိုင်ငံမှ ကျောင်းသူကျောင်းသားများအပြင် Vietnam, Nigeria, China, Cambodia, Hong Kong, Malaysia, Philippine နှင့် Singapore စသည့်နိုင်ငံများမှာ ကျောင်းသူကျောင်းသားများလည်း တက်ရောက်သင်ကြားလျက်ရှိသည်။ ပညာသင်ဆုလျှောက်ထားလိုသူများနှင့် သတင်းအချက်အလက် အသေးစိတ်သိရှိလိုသူများအနေဖြင့် OESC Education Center အခန်း-၃၀၄၊ DNH Tower တတိယထပ်၊ Dagon Center II အနီး၊ ပြည်လမ်း၊ မြေနီကုန်း၊ ဖုန်း-၀၁-၅၁၉ ၀၉၂၊ ၀၉-၇၃၀၉ ၄၀၆၀ သို့ဆက်သွယ်စုံစမ်းနိုင်သည်။

No comments:

Post a Comment