Wednesday, June 20, 2012

တက္ကသိုလ်ဝင်တန်းဖြေဆိုပြီးသူများအတွက် English 4 skills (UK Certificate) တန်းခွဲတက်ရောက်ရန် အရည်အချင်းအလိုက် ပညာသင်ဆုများချီးမြှင့်မည်





၂၀၁၂ ခုနှစ်၊ တက္ကသိုလ်ဝင်တန်း ဖြေဆိုပြီးသူများအတွက် British Council , LCCI (UK) နှင့် Hawaii Educaiton တို့ပူးပေါင်းဖွင့်လှစ်သော English 4 skills (UK Certificate) တန်းခွဲကို တက်ရောက်ရန်အတွက် အရည်အချင်းအလိုက် ပညာသင်ဆုများကို ၈၀ ရာခိုင်နှုန်းအထိ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ထိုအစီအစဉ်တွင် Hawaii Education မှ Lecture (3) လသင်ပေးပြီး၊ British Council က Exam Registration နှင့် Exam ကြီးကြပ်မှုကိုတာဝန်ယူကာ LCCI (UK) မှ Question ထုတ်ခြင်း၊ ဖြေဆိုပြီး Answer Sheet များကို Correction ပြုလုပ်ပေးခြင်း၊ ရရှိသော အမှတ်ပေါ်မူတည်ပြီး Distiction, Credit, Pass ဟုခွဲခြားသတ်မှတ်ကာ အင်္ဂလိပ်စာကျွမ်းကျင်မှုဆိုင်ရာ နိုင်ငံတကာအသိအမှတ်ပြု UK Certificate များကိုထုတ်ပေးခြင်း စသည်ဖြင့် တာဝန်ယူဆောင်ရွက်ပေးကြမည်ဖြစ်သည်။ ပုံမှန် (သင်တန်းကြေး+စာရွက်စာတမ်းကြေး+စာမေးပွဲကြေး (အားလုံးအပြီးအစီး) = ၈၈,၀၀၀ ကျပ် သတ်မှတ်ထားရာ ပညာသင်ဆုအနေဖြင့် ၆ ဘာသာဂုဏ်ထူးရရှိသူများအား ၈၀ ရာခိုင်နှုန်း OFF ၁၇,၆၀၀ ကျပ်၊ ၅ ဘာသာဂုဏ်ထူးရရှိသူများအား ၇၀ ရာခိုင်နှုန်း OFF ၂၆,၄၀၀ ကျပ်၊  ၄ ဘာသာဂုဏ်ထူးရရှိသူများအား ၆၀ ရာခိုင်နှုန်း OFF ၃၅,၂၀၀ ကျပ်၊ ၃ ဘာသာဂုဏ်ထူးရရှိသူများအား ၅၀ ရာခိုင်နှုန်း OFF ၄၄,၀၀၀ ကျပ်၊ ၂ ဘာသာဂုဏ်ထူးရရှိသူများအား ၄၀ ရာခိုင်နှုန်း OFF ၅၂,၈၀၀ ကျပ်၊ ၁ ဘာသာဂုဏ်ထူးရရှိသူများအား ၃၀ ရာခိုင်နှုန်း OFF ၆၁,၆၀၀ ကျပ်၊ ရိုးရိုးအောင်မြင်သူများအား ၂၀ ရာခိုင်နှုန်း OFF  ၇၀,၄၀၀ ကျပ်စသည်ဖြင့်ပေးသွင်းကာ တက်ရောက်နိုင်ကြောင်း သိရသည်။ တက်ရောက်လိုသူများအနေဖြင့် Hawaii Education အမှတ် ၁၉၂၊ ပထမထပ်၊ ၂၈ လမ်း(အထက်) ပန်းဘဲတန်းမြို့နယ် ဖုန်း-၂၄၈ ၁၁၁ သို့ဆက်သွယ်စုံစမ်းနိုင်သည်။

No comments:

Post a Comment